Oma Spicy Noodles တွေက ပူစပ်ပွင့်ထွက် အရသာရှိတဲ့ Gochujang အနှစ်ကို အသုံးပြုထားလို့ အစပ်အရသာကတော့ ရှယ်ပဲ။ ကိုရီးယားနိုင်ငံထုတ် သဘာဝကုန်ကြမ်းပစ္စည်းတွေရယ်၊ တာရှည်ခံဆေးမပါ၊ ဖယောင်းမပါတဲ့ ခေါက်ဆွဲသားစစ်စစ်ကိုပါ အသုံးပြုထားလို့ အရသာပိုင်းမှာလည်း ကောင်းချက်က မိုင်ကုန်ပါပဲ
ဘယ်လောက်ပဲ အစပ်စားနိုင်ပါစေ Oma ရဲ့ စပ်နိုင်စွမ်းကို မကျော်လွန်နိုင်မှာတော့ သေချာတယ်နော်…
ပူစပ်ပွင့်ထွက် အရသာရှိပြီး မိုင်ကုန်အောင် စားလို့ကောင်းတာ Oma Spicy Noodles လေးပါ
ရေနွေးပူပူလေးနဲ့ ၅ မိနစ်စိမ်၊ ရေနွေးလေးတွေကိုပြန်သွန်လိုက်ရုံနဲ့ နူးညံ့အိစက်တဲ့ ခေါက်ဆွဲလေးရပါပြီ။
ကမ္ဘာကျော် Spicy Noodle ရဲ့ Chef ကိုယ်တိုင်ကိုယ်ကျ ထုတ်ထားတဲ့ Recipe စစ်စစ်ဖြစ်လို့ Spicy ချစ်သူတိုင်း အရသာကို စိတ်ကျေနပ်အားရစေမှာ အသေအချာပါပဲရှင်…